- CPU : Intel Core i7-6700HQ 2.6GHz
- Display Screen : 17.3''
- RAM : 32GB/DRR4
- Harddrive : SSD 256GB x2 RAID + HDD 2TB
- Graphics : NVIDIA GeForce GTX 980M 4GB
- OS : Windows 10 Home
Pages
▼
Tuesday, March 29, 2016
Notebook Acer Predator G9-791-72Q4/T001 (Black) - 32,15000 Ks
Notebook Acer Predator G9-791-70HX/T002 (Black) - 28,75000 Ks
- CPU : Intel Core i7-6700HQ 2.6GHz
- Display Screen : 17.3''
- RAM : 16GB/DRR4
- Harddrive : SSD 128GB x2 RAID + HDD 1TB
- Graphics : NVIDIA GeForce GTX 980M 4GB
- OS : Windows 10 Home
Notebook Acer Predator G9-591-722R/T001 (Black) - 25,35000 Ks
- CPU : Intel Core i7-6700HQ 2.6GHz
- Display Screen : 15.6''
- RAM : 16GB/DRR4
- Harddrive : SSD 128GB + HDD 1TB
- Graphics : NVIDIA GeForce GTX 980M 4GB
- OS : Windows 10 Home
Monday, March 28, 2016
Notebook Asus G752VL-T7030T (Gray) - 21,20000 Ks
- CPU : Intel Core i7-6700HQ 2.6GHz
- Display Screen : 17.3"
- RAM : 16GB DDR4
- Harddrive : 1TB + 128GB SSD PCIE
- Graphics : Nvidia Geforce GTX965M 2GB
- OS : Win 10
Notebook Asus GL552VW-DM010D (Black) - 13,89000 Ks
- CPU : Intel Core i7-6700HQ 2.60GHz
- Display : 15.6"
- RAM : 8GB DDR4
- Harddrive : 1TB
- Graphic : NVidia GeForce GTX960M 4GB
- OS : DOS
Notebook Asus T300CHI-FH014T (Dark Blue) Touch - 11,37500 Ks
- CPU : Intel Core M-5Y71 1.20 GHz
- Display Screen : 12.5" WQHD (2560x1440)
- RAM : 8GB
- SSD 128 GB
- Graphics : Intel HD Graphics
- Windows 10
Notebook Asus GL552VX-DM151D (Gray) - 11,77000 Ks
- CPU : Intel Core i7-6700HQ 2.6GHz
- Display : 15.6"
- RAM : 4GB/DDR4
- HDD : 1 TB
- Graphic : Nvidia Geforce GTX950M 4GB
- OS : DOS
Notebook Asus GL552JX-DM291D (Black) - 11,02500 Ks
- CPU : Intel Core i7-4750HQ 2.0GHz
- Display : 15.6''
- RAM : 4GB/DDR3L-1600
- Harddrive : 1TB
- Graphics : NVidia GeForce GTX950/4GB
- OS : DOS
Notebook Asus K501UX-DM055D (Gray Metal) - 10,62000 Ks
- CPU : Intel Core i7-6500U 2.5GHz
- Display : 15.6"
- RAM : 4GB/DDR3L
- HDD : 1TB + 16GB SSD
- Graphic : Nvidia Geforce GT950/4GB
- OS : DOS
Notebook Asus A550JX-XX145D (Black with Diamond texture) - 962500 Ks
- CPU : Intel Core i7-4720HQ 2.6GHz
- Display Screen : 15.6'
- RAM : 4GB/DDR3L-1600MHz
- Harddrive : 1TB
- Graphics : NVIDIA GeForce GTX950M/4GB
- OS : DOS
Notebook Asus A550JX-XX142D (Grey Plastic) - 990000 Ks
- CPU : Intel Core i7-4720HQ 2.6GHz
- Display Screen : 15.6'
- RAM : 4GB/DDR3L-1600MHz
- Harddrive : 1TB
- Graphics : NVIDIA GeForce GTX950M/4GB
- OS : DOS
Notebook Asus K556UB-XX178D (White) - 882000 Ks
- CPU : Intel Core i7-6500U 2.5GHz
- Display Screen : 15.6"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : Nvidia Geforce 940M 2GB
- OS : DOS
Notebook Asus K555LB-XX473D (Black) - 780500 Ks
- CPU : Intel Core i7-5500U 2.4GHz
- Display : 15.6"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : NVidia GeForce GT940M/2GB
- OS : DOS
Notebook Asus K456UF-WX069D (White) - 774000 Ks
- CPU : Intel Core i5-6200U 2.3GHz
- Display Screen : 14"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : Nvidia Geforce GT930M 2GB
- OS : DOS
Notebook Asus K456UF-WX066D (Dark Blue) - 774000 Ks
- CPU : Intel Core i5-6200U 2.30GHz
- Display : 14"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : NVIDIA GeForce GT 930M/2GB
- OS : DOS
Notebook Asus K456UF-WX065D (Dark Brown) - 774000 Ks
- CPU : Intel Core i5-6200U 2.3GHz
- Display Screen : 14"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : Nvidia Geforce GT930M 2GB
- OS : DOS
Notebook Asus K455LF-WX054D (Black) - 710500 Ks
- CPU : Intel Core i5-5200U 2.2GHz
- Display Screen : 14"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : NVIDIA GeForce 930M 2GB
- OS : DOS
Notebook Asus K455LF-WX027D (White) - 655000 Ks
- CPU : Intel Core i3-5010U 2.1GHz
- Display Screen : 14"
- RAM : 4GB/DDR3L
- Harddrive : 1TB
- Graphics : NVidia GeForce GT930 2GB
- OS : DOS
Notebook Asus K455LF-WX135D (White) - 594000 Ks
- CPU : Intel Core i3-4005U 1.7GHz
- Display Screen : 14"
- RAM : 4GB/DDR3L
- Harddrive : 500 GB
- Graphics : NVidia GeForce GT930M/2GB
- OS : DOS
Notebook Asus K540LJ-XX035D (Black) - 594000 Ks
- CPU : Intel Core i3-4005U 1.7GHz
- Display Screen : 15.6"
- RAM : 4GB/DDR3L
- Harddrive : 500GB
- Graphics : Nvidia Geforce GT920 2GB
- OS : DOS
Notebook Asus K540LA-XX041D (Black) - 540000 Ks
- CPU : Intel Core i3-4005U 1.7GHz
- Display Screen : 15.6"
- RAM : 4GB/DDR3L
- Harddrive : 500GB
- Graphics : Intel Graphics/Share
- OS : DOS
Sunday, March 27, 2016
Notebook Asus K455LA-WX610D (Black) - 525000 Ks
- CPU : Intel Core i3-4005U 1.7GHz
- Display Screen : 14.0"
- RAM : 4GB/DDR3L
- Harddrive : 500GB
- Graphics : Intel Graphics/Share
- OS : DOS
Notebook Asus X453SA-WX064D (Pink) - 409500 Ks
- CPU : Intel Celeron N3050 1.6GHz
- Display : 14''
- RAM : 4GB/DDR3L
- Harddrive : 500GB
- Graphics : Intel HD Graphics/Share
- OS : DOS
ကွန်ပြူတာ တစ်လုံးရဲ့ Graphic မန်မိုရီကို ကြည့်ရအောင်

ကွန်ပျူတာအခန်းကဏ္ဍ ဒါလေးလဲတော်တော်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ သူမရှိရင် Games တွေ ကစားလိုမရပါဘူး။
Screen Sever တွေလဲ အလုပ်မလုပ်နိုင်ပါ။ဘူး။
တစ်ချို့ကွန်ပျူတာမှာ ၀င်းဒိုးအသစ်တင်လိုက်တဲ့ အခါ Graphic ပျောက်နေတတ်ပါတယ်။ Driver အခွေရှိရင်တော့ လွယ်ကူးပါတယ်။
မရှိရင်တော အင်တာနက်ကို အားကိုးရပါတော့တယ်။
စာဖတ်သူကွန်ပျူတာ Graphic တအားနဲနေမယ်ဆိုရင် တစ်ချို့ ဂိမ်းတွေ ကစားလို့မရပါဘူး။

ဒါကြောင့် ဂိမ်းဆော့ဝဲလ်တွေ ကာဗာလေးမှာ Graphic ဘယ်လောက်ရှိရမယ်ဆိုတာ ပြပေးထားပါတယ်။
သူ့ကို ထပ်မြှင့်လို့ရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်နဲ့ တိုင်ပင်ပြီး ထည့်ပေးလို့ ရပါတယ်။
ကဲ့ဒါဆိုရင် Graphic မန်မိုရီကို ကြည့်ကြရအောင်ဗျာ။
1. windows+R နဲ့ Run Box ကိုဖွင့်ပြီး.. dxdiag စာသားကိုရိုက်ထည့်ပါ..။
Enter သို့မဟုတ် OK နှိပ်ပါ..
2. နံပါတ် (1 ) Display ကို တစ်ချက် Click ပါ။
3. နံပါတ် (2) မှာ ပြထားတဲ့အတိုင် မြင်တွေ့ရမှာပါ။

ကျွန်တော်မှာတော့ 1139 MB ရှိပါတယ်။
အဲမှာ 256 MB လောက်ဆိုရင်မဆိုပါဘူး။ ကောင်းတယ်လို့ပြောလို့ရပါတယ်။
အဲဒီမှာ တန်ဖိုးမပေါ်ဘူးဆိုရင် n/a ဆိုတဲ့ စာသားလေး မြင်တွေ့ရမှာပါ။
အဲဒီခါကျရင် မိမိစက်ရဲ့ မော်ဒန်အမျိုးအစားကြည့်ပြီး Graphic ဆော့ဝဲလ် ကိုရှာပြီးထည့်ပေးရမှာပါ။

Credit - IT Guide
POST BY - LINUX Online Shopping
Computer အသုံးပြုသူများ သိထားသင့်သော32 bit Window နှင့် 64 bit Windows အကြောင်း

Computer အသုံးပြုသူတွေ အနေနဲ့ 32 bit နဲ့ 64 bit နှစ်မျိုးကိုတော့
ဘယ်လိုကွဲပြားတယ်ဆိုတာကို သိထားဖို့တော့ လိုအပ်ပါတယ်။
အလွယ်ပြောမယ်ဆိုရင် 32 bit နဲ့ 64 bit နှစ်မျိုးမှာ 64 bit Windows က ပိုမြန်ပါတယ်။
64 bit Windows က ကောင်းတယ်ဆိုတိုင်း သုံးချင်းတိုင်း သုံးလို့အဆင်မပြေပါဘူး။ Hardware လိုအပ်ချက်အနေနဲ့ မြင့်မားပါတယ်။
Software တွေ၊ Drivers တွေဟာ 32 bit Windows အတွက်သာ အလွယ်တကူ ရရှိနိုင်တာကြောင့်ပါ။
(မြင်ကွင်း နဲ့ အသုံးပြုပုံကတော့ နှစ်မျိုးစလုံးအတူတူပင်ဖြစ်ပါတယ်။)
ကဲဒီလိုဆိုရင် ဘယ်လိုလူမျိုးတွေ 64 bit Windows ကို အသုံးများသလဲဆိုရင်တော့ Professional Video Editing ပြုလုပ်သူတွေ၊ Game အကြီးစား/ အမြင့်စားတွေဆော့ကစားသူတွေ၊ Graphic Designer တွေဟာ အများဆုံး အသုံးပြုကြပါတယ်။
တနည်းအားဖြင့် Hardware မြင့်မြင့် ကောင်းကောင်းကို 64 bit မှာ တွဲဖက်
အသုံးပြုပေးရင် ပိုကောင်းမယ်လို ဆိုနိုင်ပါတယ်။
32 bit Windows မှာတော့ Memory (RAM) ကို 4 GB အထိသာ အများဆုံးထည့်လို့ရပါတယ်။ 8/16 GB ထိအောင်ထည့်ပြီး၊ အသုံးပြုလည်း 4 GB အထိသာပြပါတယ်။ 4 GB သာ အလုပ်လုပ်တယ်ပေါ့။
64 bit Windows မှာတော့ 4 GB ထက်ကျော်လွန်တဲ့ Memory (Ram) ကို အသုံးပြုဖို့ဆိုရင် Mother Board မှာ Support လုပ်နိုင်တဲ့ Chipset ပါဝင်ဖို့ လိုအပ်ပါတယ်။

Latop Computer မ၀ယ်ခင် ဒါလေးဖတ်ပေးပါ
အခုနောက်ပိုင်းမှာ ကျွန် တော်တို့ မြန်မာလူမျိုးတွေ တော်တော် များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာ သလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာ ထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင် သလို သွားလေ ရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများ လာတာတွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ် တော့မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် ..
ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်း ပြချင်ပါတယ် .. ကွန်ပျူတာနဲ့ အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည် တော့ပဲ လည်ထွတ်သွားတက်ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေး သွားပါမယ် ...

(၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
(၂) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ဖြစ်ပါတယ် ..

(၁) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
နံပါတ် (၁) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ်.ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ၊ အလယ် အလတ် တန်းစား၊ ဆင်း ရဲ တဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက် တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး ..
ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ (ဥပမာ ။ ။ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်း သစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hard ware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်း တွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား) ဒါမှမ ဟုတ် ဘာကြောင့် ဈေးသက်သာ နေတာ လည်း (ဥပမာ ။ ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်း နေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်း တွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ် နိုင်မှာ ဖြစ်ပါတယ် ..
အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့ အခုနောက်ဆုံးပေါ် Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေး ၀ယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ် ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့ သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုး၏ အတွက်ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့် အတွက် တကယ် အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် ..
အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား၊ ရုံးလုပ်ငန်း အ တွက် သုံးမှာလား၊ ကွန်ပျူတာ ပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေ ကို ထည့်ပြီးတွေးဖို့လိုပါတယ် .. ဒါမှသာ မိမိလုပ်ချင်တာ နဲ့ သင့်တင့် မျှတတဲ့ ပစ္စည်း မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..
ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့ မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ် မိသားစု တွေထဲက အဝေးရောက်နေသူတွေ ရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အ ခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆို တဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်း သင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် ..
နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်း ထားပြီး အမြဲသုံး နေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီး မကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ် ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ် တန်း စားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံ စံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အ ကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်း သပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချ မယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီ ပါတ်လုံး အသုံးပြုဖြစ် နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက် စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အ ဆင်ပြေစေ ပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ ..
ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီ လိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..
နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့် တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထား သင့်ပါတယ် .. အခုနောက် ပိုင်း မှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေး ထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့ နေရပါပြီ .. အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင် ဆုံး သင့်လျော် မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်.. တ ကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆို ရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေ အတွက် နှိုင်း ယှဉ်ပြပေးတာ ဖြစ်ပါတယ် ..

( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း
ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ် တော့ မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor Series ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက် အောင် ရေးပေးသွားပါမယ် ..
နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မ ပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိ တို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း .. အောက်မှာ ဆက် သွားရအောင် ..
ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေ က Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူ ရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွား တာမျိုး တွေ့ရပါလိမ့်မယ် ..
အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor
အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system
နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါ မှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော် တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..

Memory
Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြ ထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099 Gegabyte
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099 Gegabyte
ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာ မှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။ ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..
Screen
ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 10.1", 11.6", 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..

Hard disk
Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB, 750 GB, 1TB(100 GB) စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..

Optical Drive (CD/DVD)
ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာ လို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ် မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီး တော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် ..

Video Card (VGA)
အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ် ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် .. Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce ® GT 520MX 1024Mb ၊ ATI ™ Mobility Radeon ™ HD6630 1024Mb စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါ ဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..
ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..
ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour ) Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်