Pages

Sunday, March 27, 2016

Computer အသုံးပြုသူများ သိထားသင့်သော32 bit Window နှင့် 64 bit Windows အကြောင်း




Computer အသုံးပြုသူများ သိထားသင့်သော32 bit Window နှင့် 64 bit Windows အကြောင်း
Computer အသုံးပြုသူတွေ အနေနဲ့ 32 bit နဲ့ 64 bit နှစ်မျိုးကိုတော့
ဘယ်လိုကွဲပြားတယ်ဆိုတာကို သိထားဖို့တော့ လိုအပ်ပါတယ်။
အလွယ်ပြောမယ်ဆိုရင် 32 bit နဲ့ 64 bit နှစ်မျိုးမှာ 64 bit Windows က ပိုမြန်ပါတယ်။
64 bit Windows က ကောင်းတယ်ဆိုတိုင်း သုံးချင်းတိုင်း သုံးလို့အဆင်မပြေပါဘူး။ Hardware လိုအပ်ချက်အနေနဲ့ မြင့်မားပါတယ်။
Software တွေ၊ Drivers တွေဟာ 32 bit Windows အတွက်သာ အလွယ်တကူ ရရှိနိုင်တာကြောင့်ပါ။
(မြင်ကွင်း နဲ့ အသုံးပြုပုံကတော့ နှစ်မျိုးစလုံးအတူတူပင်ဖြစ်ပါတယ်။)
ကဲဒီလိုဆိုရင် ဘယ်လိုလူမျိုးတွေ 64 bit Windows ကို အသုံးများသလဲဆိုရင်တော့ Professional Video Editing ပြုလုပ်သူတွေ၊ Game အကြီးစား/ အမြင့်စားတွေဆော့ကစားသူတွေ၊ Graphic Designer တွေဟာ အများဆုံး အသုံးပြုကြပါတယ်။
တနည်းအားဖြင့် Hardware မြင့်မြင့် ကောင်းကောင်းကို 64 bit မှာ တွဲဖက်
အသုံးပြုပေးရင် ပိုကောင်းမယ်လို ဆိုနိုင်ပါတယ်။
32 bit Windows မှာတော့ Memory (RAM) ကို 4 GB အထိသာ အများဆုံးထည့်လို့ရပါတယ်။ 8/16 GB ထိအောင်ထည့်ပြီး၊ အသုံးပြုလည်း 4 GB အထိသာပြပါတယ်။ 4 GB သာ အလုပ်လုပ်တယ်ပေါ့။
64 bit Windows မှာတော့ 4 GB ထက်ကျော်လွန်တဲ့ Memory (Ram) ကို အသုံးပြုဖို့ဆိုရင် Mother Board မှာ Support လုပ်နိုင်တဲ့ Chipset ပါဝင်ဖို့ လိုအပ်ပါတယ်။





Credit - IT Guide
POST BY - LINUX Online Shopping

No comments:

Post a Comment